Sunday, April 4, 2010

Love Means...

အချစ်ကဘာလဲ
ရယူခြင်းလား ပေးဆပ်ခြင်းလား
ဒါမှမဟုတ် ပိုင်ဆိုင်ခြင်း လား စွန့်လွှတ် အနစ်နာခံခြင်းလား
ဒါမှမဟုတ် တပ်မက်ခြင်း အတွက် နာမ်စားလှလှလေးလား
ရှုထောင့်မျိုးစုံက အမျိုးစုံလှတဲ့အဓိပ္ပါယ်တွေပေါ့၊
ငါ့အတွက်ကော
အချစ်ဆိုတာလားတော့ မသိ
အတွေးထဲမှာ အမြဲတမ်း အချိန်တိုင်း ရှိနေတယ်
သူကို ကိုယ်ခေါင်းထဲမထည့်ဘဲနဲ့ကို သူက ရောက်နေတာမျိုးပေါ့
ကိုယ်အနားမှာ အမြဲရှိနေသလိုမျိုး
သူ့စိတ်မှာကိုယ်ရှိနေနေ မနေနေ
သူကိုယ့်အနားမှာ ရှိနေနေ မနေနေ
သူကိုယ့်ကို အလေးထားထား မထားထား
ကိုယ်နဲ့ မဆိုင်ဘူး၊
ကိုယ့်စိတ်မှာ သူအမြဲတမ်းရှိနေတယ်…
ကိုယ့်အနားမှာ သူအမြဲတမ်းရှိနေတယ်…
ကိုယ်က သူ့ကို အမြဲအလေးထားတယ်…
ကိုယ်လုပ်သမျှ အရာတိုင်းက သူနဲ့ သက်ဆိုင်နေတယ်
အိပ်တဲ့ အချိန်တောင် အိမ်မက်ထဲမှာ ရှိနေသေးတာ…

No comments:

Post a Comment