Sunday, April 4, 2010

ငါ ပင်ပန်းနေပြီ

အဆုံးမဲ့ညည်းခြင်းတွေနဲ့စိတ်အတွင်းခန်းထဲမှာ
အထီးကျန်သံစဉ်လေးတစ်ခုကို
သက်ပြင်းရှည်တွေနဲ့တစ်ယောက်ထဲ ညည်းနေမိတယ်
ငါ့စိတ်ပြတင်းပေါက်မှန်တွေကလည်း မိုးရေတွေနဲ့ ဝေဝါးလို့
ဘယ်သူမှမသိတဲ့ ငါ့အတွေးအိမ်လေးကလည်း
မုန်တိုင်းဒါဏ်ကြောင့် ယိုင်နေပြီ
ဆက်ဆောက်ရမှာလား၊ဖြိုပစ်ရမှာလား
လားပေါင်းများစွာက နားစည်ကို ဆက်တိုက်ဝင်တိုးနေကြတယ်
ငါ့ဦးနှောက်ကဆုံးဖြတ်ချက်ကိုငါ့ရင်ဖတ်ကငြင်းဆန်နေတယ်
ငါ့ချိန်တွယ်မှုတွေကဘဲ အိမ်လေးကိုဖြိုပစ်ရစေမဲ့ မုန်တိုင်းတစ်ခုဖြစ်စေခဲ့သလား
ငါမသိခဲ့ဘူး၊
ငါ့စိတ်တွေ ဝေဝါးနေတယ်
အခု ငါ … အရမ်းပင်ပန်းနေပြီ
(ဒီဇင်ဘာ ၂၀၀၆ )

No comments:

Post a Comment