တိတ်တိတ်လေးကျလာတဲ့ မျက်ရည်စတွေကို
ဟန်ဆောင်အပြုံးရဲ့နောက်မှာဝှက်ထားလိုက်မိတယ်
တချို့သော မွန်းကျပ်မှုတွေအတွက်နှစ်သိမ့်စကားတွေလိုချင်မိတယ်
ငါဘယ်သူ့ကိုသွားပြောရမလဲ မေမေ့ကိုလား
တကမ္ဘာလုံးက ငါ့ကို ဟားတိုက်နေကြမလား
နာကျင်နေတဲ့ငါက ပျော့ညံ့တဲ့သူတစ်ယောက်မဖြစ်ချင်ဘူး
အရင်လို နေ့ရက်တွေထဲမှာ
ပေါ့ပေါ့ပါးပါး ရှင်သန်ချင်မိတယ် အရင်လိုပေါ့
မရမက လှုပ်နှိုးထားတဲ့ နှလုံးသားတခုရဲ့ ရှင်သန်မှုကို ဂူပိတ်ပစ်မလို့လား
ဘာလို့များနှိပ်စက်ရတာလဲ
ငါကိုအလဲမထိုးပါနဲ့
ငါ့မျက်ရည်တွေကိုနှမြောမိလို့ပါ
ကျေးဇူးပြုပြီးတော့
နင်ထွက်သွားပေးပါ ကျေးဇူးပြုပြီး
(၁၀ မတ် ၂၀၀၇)
No comments:
Post a Comment