Sunday, April 4, 2010

ပိုးစုန်းကြူးပုံရိပ်များ

ရင်ဖတ်တစ်ခုလုံး ခဲဆွဲခံနေရသလို
ဟိုအရင် အရိပ်တွေက ဟိုနားပေါ်လိုက် ဒီနားပေါ်လိုက်နဲ့
ကျောက်ခဲကို ရေထဲပစ်ချပြီးမှ ပြန်ပေါ်လာပါစေ ဆုတောင်းနေမိသလို
တစ်နေ့တာ အဓိပ္ပါယ်မဲ့နေတယ်
ဝဲနေတဲ့ မျက်ရည်တွေ မြိုချရတာ ဗိုက်တင်းနေပြီ
ချော့ကလက်ကစားရတာ ချိုပေမဲ့ဆေးသကြားက ဘာလို့ခါးရတာလဲ
ဒဏ္ဍာရီဆန်ဆန် စိတ်ကူးယဉ်လို့ကောင်းတဲ့ကြယ်လေးတွေက တကယ်ခူးလို့မရသလို
လရောင်ဆန်းတဲ့ ပေါင်မုန့်ကလည်း ဘယ်ချိုပါ့မလဲ
လေထဲတိုက်အိမ်ဆောက်ရတာကတော့ ပျော်ဖို့ကောင်းပါရဲ့
တိတ်တိတ်လေးငိုတတ်တဲ့ ပိုးစုန်းကြူးတစ်ကောင် အကြောင်းကို
ကြယ်တွေလတွေက မသိနိုင်သလို
ဘယ်သူမှလည်း မသိနိုင်ပါဘူး
(၇ ဇူလိုင် ၂၀၀၇)

No comments:

Post a Comment