Sunday, April 4, 2010

လေလွင့်နှလုံးသား

ဆောင်းတွင်းပေမဲ့လည်း
ချမ်းစိမ့်အေးမြမှုလေးတောင်ငါ့ရင်ဘတ်မှာ မခံစားမိဘူး
နှင်းထူလို့များ ပျောက်နေတယ်ထင်ရဲ့
အရိုးစိမ့်အောင်အေးတဲ့လေက
မီးတောက်နေတဲ့ ငါ့ရင်ခွင်ကို မနှစ်သိမ့်နိုင်ကြဘူး
ပါးပေါ်က မျက်ရည်တွေ ခဲကုန်ပြီ
ကျကွဲခဲ့တဲ့ အိမ်မက်ငယ်က ဒါဏ်ရာ ဗလပွနဲ့ အနားတွေ ပဲ့လို့
စုတ်ပြတ်ကြေမွနေတဲ့ မျှော်လင့်ချက်မျှင်မျှင်လေးကိုပိုက်လို့
ယိုင်လဲတော့မဲ့ဘဝမှာ အနည်ကျချင်နေပြီ
ငါ ပျော်ဝင်မိတဲ့ အပြုံးလေး အတွက်နဲ့တင်
လောကကြီးကို ဘောင်ခတ်ထားရဲတယ်
ငါ့ဘဝကို လှေကားထစ်တစ်ခု အဖြစ်နင်ပျော်မယ်ဆိုရင်တောင်
ငါ့ကိုတိုက်စားနေတဲ့ ပါးစပ်တွေကိုမေ့ထားရဲတယ်
တန်ဖိုးမဲ့ရင်ခွင်က နှလုံးသားကို ရိုက်ခွဲခဲ့ရင်တောင်
စီးကျလာမဲ့ ငါ့နှလုံးသွေး တွေက ပြောနေလိမ့်မယ်
နင့်ကိုချစ်တယ်လို့
(၁ ဇူလိုင် ၂၀၀၇)

No comments:

Post a Comment