သူငယ်ချင်းတို့ရေ
ငါတို့အသက်တွေကြီးလာပြီနော်
ဦးနှောက်ထဲနားလည်တာတွေရော မလည်တာတွေပါ ရိုက်ထည့်ရင်းနဲ့
ငါတို့အတွက် ဆိုင်းထိုးထားတဲ့စာရွက်လေးတစ်ရွက်ရခဲ့တယ်
အထိုက်အလျောက်ရလာတဲ့ ရင့်ကျက်မှုတွေအတွက်
စာရွက်နောက်ကွယ်အချိန်က
မင်းတို့နဲ့ကျောင်းတော်ကြီးကိုကျေးဇူးတင်မိတယ်
မင်းတို့ဘေးမှာရပ်နေရင်း
အမှတ်တမဲ့ရပ်နေခဲ့တဲ့ကာလတွေမှာ
ရင့်ကျက်တန်းမ၀င်သေးတဲ့ ငါ့စကားတွေကို
ဂရုတစိုက်နားထောင်ပေးကြတဲ့အတွက်
ငါ့လက်တွေကို တွဲချိတ်ထားတဲ့အတွက်
အပြုံးနဲ့မျက်ရည်တွေဝေမျှရင်း
အပြိုင်အဆိုင်နဲ့မာနတရားကင်းတဲ့
အဖြူထည်သံယောဇဉ်တစ်ခုကိုပိုင်ဆိုင်ခွင့်ပေးတဲ့အတွက်
ကျေးဇူတင်တယ်ကွာ
ငါ့အသက်ရှူသံရပ်တဲ့အထိ သတိရနေမဲ့သူငယ်ချင်းရေ
ငါယုံကြည်တယ်
ဘယ်သူကမှ
ငါတို့ရဲ့သံယောဇဉ်ကိုအရောင်မဆိုးဘူးဆိုတာကို
No comments:
Post a Comment